မုံရွာမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မုံရွာ ဇွန် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၂ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက မိမိတို့ခရိုင်ရုံးတွင် ယခုလို Talk Show များ၊ အသိပညာပေးဟောပြောပွဲများကို တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ လစဉ်/အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများနှင့် စာဖတ်ဝိုင်းများ ကျင်းပပေးခြင်းများအပြင် အသိပညာပေးဟောပြောပွဲများကိုလည်း စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ပေးပြီး ပြည်သူလူထုအားအချိန်နှင့်တပြေးညီ သိရှိလိုသည့် သတင်းအချက်အလက်များနှင့် အသိပညာပေးခြင်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ၂၀၂၂ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခဲ့ရာတွင်   ၂၀၂၂ ခုနှစ် ဇွန် လ (၅) ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဟာဆိုရင် ကုလသမဂ္ဂမှကြီးမှူး၍ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကမ္ဘာ့ပထမဆုံးသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးညီလာခံအမည်ဖြင့် လူသားပတ်ဝန်းကျင်ညီလာခံကို ၁၉၇၂ခုနှစ် ဇွန်လ ၅ရက်နေ့မှ ၁၆ရက်နေ့အထိ ကျင်းပခဲ့ပြီး ညီလာခံကျင်းပပြုလုပ်ခဲ့သည့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ “World Environment Day” အဖြစ်သတ်မှတ်၍  (၂)နှစ်အကြာ ၁၉၇၄ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် “Only One Earth” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ပါကြောင်း၊   ၁၉၇၄ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ပြီးနောက် ၁၉၈၇ခုနှစ်တွင် ပင်မလှုပ်ရှားမှုများကို နိုင်ငံအသီးသီးရွေးချယ်ကာ အလှည့်ကျ ကျင်းပခဲ့ကြပါတယ်။ ကမ္ဘာမြေဟာ လူသားများနဲ့ သက်ရှိဇီဝမျိုးစုံမျိုးကွဲများအတွက် တစ်ခုထဲသော နေအိမ်ဖြစ်ပြီး ကမ္ဘာမြေရဲ့ သဘာဝအရင်းအမြစ်တွေကို မပျောက်ကွယ် မဆုံးရှုံးအောင် ကာကွယ်စောက်ရှောက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေနဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ချင်းတွင်းခန်းမမှ ပြုလုပ်သွားမှာဖြစ်ပြီး တက်ရောက်လာတဲ့ဧည့်သည်တွေကို အသိပညာပေး လက်ကမ်းစာစောင်နှင့် အမှတ်တရပစ္စည်းများ ဖြန့်ဝေခြင်းနှင့် အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း၊ ကျွန်တော်တို့ဌာနနဲ့ ပူးပေါင်းပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ တက်ကြွစွာလုပ်ကိုင်တဲ့ စစ်ကိုင်းစက်မှုဇုန်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆိုတာဟာ လူတိုင်းနဲ့သက်ဆိုင်တဲ့နေ့ဖြစ်ပါတယ်။ ကြည့်ရှုနေသူတွေအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေကို အဲ့ဒီနေ့ကစပြီး စတင်ဆောင်ရွက်ကြဖို့ အသိပေးလိုပါတယ်။ ဒါ့အပြင် နေ့ရက်တိုင်းမှာလဲ မိမိပတ်ဝန်းကျင်အတွက် ကောင်းမွန်စေသော အပြုအမူအလေ့အထများကို ကျင့်သုံးပြီး တစ်ခုထဲသော ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)