ဘားအံ ဇွန် ၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/သူများကိုဗစ်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)ထိကျောင်းသား၊ကျောင်းသူများအား သတ်မှတ်စုရပ်နေရာများတွင် ဇွန်လ ၂ ရက်နေ့မှစ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်(ဒုတိယနေ့)အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင်ဘားအံမြို့ အမှတ်(၁)၊(၂)၊(၃)၊(၄)၊(၅) အခြေခံပညာအထက်ကျောင်းများနှင့် အမှတ်(၂)၊(၃)၊(၆)အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် အသက်(၅) နှစ်မှ (၁၂)ထိကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရှိရပြီး ကျန်ရှိသည့်အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများကိုလည်း ကာကွယ်ဆေးဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများကကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစဉ်များစနစ် တကျတပ်ဆင်စေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများပြုလုပ်ပေးပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)