ပြည် ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ သီရိခေတ္တရာမင်္ဂလာခန်းမ၌ ယနေ့နံနက်(၉) နာရီအချိန်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြစိမ်းရောင်စီမံကိန်း၊ စီမံကိန်းစွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ငွေစာရင်း ထိန်းသိမ်းခြင်း သင်တန်းကို ဖွင့်လှစ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းက မြစိမ်းရောင်စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းက ''ကိုဗစ်ကာလအတွင်း ဖြေလျှော့ ထားသော အတိုးနှုန်းထား ၅၀ အား ပြန်လည်ပြောင်းလဲပြီး တစ်ကျပ်မှ တစ်ကျပ်ခွဲအထိ ပြောင်းလဲသတ်မှတ်ဖို့ အထက်က ညွှန်ကြားလာတဲ့အတွက်နှင့် ပြောင်းလဲ သတ်မှတ်ရန်နှင့် (၃)နှစ်ပြည့်ပြီဖြစ်သော ကော်မတီဝင်များအား အသစ်ပြန်လည် ဖွဲ့စည်းဖို့နှင့် ငွေစာရင်းပုံစံဖြည့် နည်းလေးများအား ပြန်လည်သင်တန်းပေးခြင်းဖြစ်ကြောင်း'' ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ကျေးရွာပေါင်း ၄၈ရွာမှ မြစိမ်းကော်မတီဝင် (၁၂၉)ဦး တက်ရောက်ကြပြီး ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ သင်ကြာပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ကိုစိုး