ရွှေသောင်ယံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံ

ရွှေသောင်ယံ ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့ နံနက်(၉)နာရီက အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ကလေးငယ်များအတွက် ပြင်းထန်တီဘီရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အဆုတ်ရောင် ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ စသည့်ရောဂါများအား ကာကွယ်ပေးမည်ဖြစ်သည်။

ကာကွယ်ဆေး ထိုးနှံပေးရာသို့ ရွှေသောင်ယံမြို့ရပ်ကွက် (၁၊၂၊၃)မှ (၂)လ၊ (၄)လ၊ (၆)လ၊ (၉)လ၊ (၁)နှစ်ခွဲ စသည့်ကလေးငယ်များ လာရောက်ထိုးနှံခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)