ကျိုက်လတ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား

ကျိုက်လတ်  ဇွန် ၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဟူသောဆောင်ပုဒ်နှင့်အညီ  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယမန်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား  ကျောင်းသူများအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖြစ်သည့် အ.ထ.က (၁၇)ကျောင်း၊ အ.ထ.က (ခွဲ) (၁၀ )ကျောင်း၊ အ.လ.က (၁၁ )ကျောင်း၊ အ.လ.က (ခွဲ) (၁၇) ကျောင်း၊ အ.မ.က (လွန်) (၂၉ )ကျောင်း၊ အ.မ.က (၁၁၄) ကျောင်း၊ စုစုပေါင်း (၁၉၈)ကျောင်း နှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၆)ကျောင်း၊ စုစုပေါင်း(၂၀၄)ကျောင်းတို့၌ ကျောင်းအပ်နှံသူ စုစုပေါင်း( ၃၁၉၈၈)ဦးရှိပြီး ယမန်နေ့တွင် တက်ရောက်သူ (၃၁၄၄၈)ဦး ရှိသဖြင့် ၉၈.၃၁ ရာခိုင်နှုန်း တက်‌ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရီရီမြင့်