ညောတုန်း ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဇွန်လ (၂)ရက်နေ့မှစ၍ ပျော်ရွှင်အေးချမ်းစွာ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ညောင်တုန်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၁၅)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၆)ကျောင်းတို့တွင် ပျော်ရွှင်အေးချမ်းစွာ ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများမှ အခြေခံပညာကျောင်းများ၏ သင်ကြားရေးနှင့် ကျောင်းသား/ ကျောင်းသူများ၏ ကျန်းမာရေး၊ ကျောင်းတွင်း/ ကျောင်းပြင်ပ လုံခြုံရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)