လပွတ္တာခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

လပွတ္တာ ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် လပွတ္တာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်ဖြိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်တို့က ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကလေးအလုပ်သမားဆိုတာဘာလဲ။ ကလေး အလုပ်သမားဆိုတာ အလုပ်လုပ်တဲ့ကလေးတိုင်းကို ကလေးအလုပ်သမားလို့ ခေါ်တာမဟုတ်ဘူး၊ ကလေးတစ်ယောက် အလုပ်လုပ်နေတဲ့အချိန်မှာ သူ့ရဲ့ ကလေးဘဝရှေ့ရေး၊ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အကြောင်းအရာ၊ သူ့ရဲ့ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ငန်းမျိုးဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းမျိုးတွေမှာ လုပ်တဲ့ကလေးကို ကလေးအလုပ်သမားလို့ခေါ်တာ ဖြစ်ပါတယ်။ ကလေးအလုပ်သမားပပျောက်ဖို့ လူမှုဝန်ထမ်းအနေနဲ့ ဆောင်ရွက်ချက်များ၊ အဆိုးရွား ဆုံးပုံစံနှင့်ခိုင်းစေခြင်း၊ ပြစ်မှုပြစ်ဒဏ်နှင့် အရေးယူဆောင်ရွက်မှုများ၊ ကလေးအလုပ်သမားပပျောက်ဖို့ ပူးပေါင်းဆောင်ရွက်နေသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့များ သိသင့်သိထိုက်သော အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်များကို လစဉ်ပုံမှန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)