မအူပင်မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

မအူပင် ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၃၂၅)ကျောင်းအား ဇွန်လ (၂)ရက်နေ့မှစ၍ ပျော်ရွှင် အေးချမ်းစွာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

မအူပင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၃၂၂)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (​၂)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁)ကျောင်း စုစုပေါင်း (၃၂၅)ကျောင်းတို့တွင် ပျော်ရွှင်အေးချမ်းစွာ ဖွင့်လှစ်သင်ကြား လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမများ ဌာနဆိုင်ရာများမှ အခြေခံပညာ ကျောင်းများ၏ သင်ကြားရေးနှင့် ကျောင်းသား/သူများ၏ ကျန်းမာရေး၊ ကျောင်းတွင်း/ကျောင်းပြင်ပ လုံခြုံရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(မအူပင်)