ဝါးခယ်မမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဝါးခယ်မ  ဇွန်  ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားနေသည့် အသက် ၅ နှစ်မှ ၁၂ အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများက စုရပ်အလိုက် ကျောင်းသားမိဘများနှင့် တွေ့ဆုံ၍ ကာကွယ်ဆေးထိုးနှံနိုင်ရေး ရှင်းလင်း‌ဆောင်ရွက်ပြီး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ကျန်းမာရေးအရ ထိုးရန်မသင့်သည်များ၊ အစာမစားလာရသည့် ကလေးများအား အစာတစ်ခုကျွေးပြီးမှ ထိုးနှံရန်၊ ၃ ရက် ၄ ရက်နေ့ အတွင်း ဖျားနာထားသည့် ကလေးများအား ကာကွယ်ဆေးမထိုးရန်နှင့် ကာကွယ်ဆေးထိုးပြီး ကလေးများအား နာရီဝက်အကြာ ကြည့်ရှုစောင့်ရှောက်ရန် မှာကြား၍ ကာကွယ်ဆေးကို အ.ထ.က(ခွဲ) ကျုံမငေးစက်ရုံကျောင်း၊ ဝဲကြီးကျေးရွာ အ.ထ.က ကျောင်း၊ အ.မ.က မူလွန် ကဝဲကျောင်း၊ အ.လ.က(ခွဲ) ဓနုံးချောင်းကျောင်း၊ မြသိန်းတန်ရပ်ကွက် ဘုရားကြီးလမ်း အ.မ.က ကျောင်းနှင့် အူကျွန်း အ.ထ.က(ခွဲ)ကျောင်းတို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း ဝါးခယ်မ (ပြန်/ဆက်)