ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းရွာသစ် ဇွန် ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာနမှ မြို့အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မဲသမူးကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို တာဝန်ရှိသူတို့က လက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် ကျေးရွာအုပ်စုတာဝန်ရှိသူတို့က မဲသမူးကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အ ထက် သက်ကြီးဘိုးဘွား(၂၂)ဦးတို့အား ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် နိုင်ငံတော်မှထောက်ပံ့သည့် လူမှု ရေးပင်စင်တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၆၆၀၀၀၀)ကျပ်ကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုး(၂၆)ဦး၊ အဘွား(၄၈)ဦး စုစုပေါင်း(၇၄) တို့ရှိပြီး လူမှုရေးပင်စင်တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် လက်ဝယ်အရောက်ရရှိရေးအတွက် တာဝန်ရှိသူများတို့က ဆက်လက်ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)