ပန်းတနော် ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ဝင်းနှင့် ဝန်ထမ်းများ၊ ကျောင်းဆရာ ဆရာမများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း စာရင်းမှတ်တမ်း ရေးသွင်းခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး၍ ကျောင်းသားမိဘ အုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)