ဓနုဖြူ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယမန်နေ့ ဇွန်လ (၂)ရက်နေ့မှစ၍ အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာ အ.ထ.က (၁၂)ကျောင်း၊ အ.ထ.က(ခွဲ) (၁၁)ကျောင်း၊ အ.လ.က (၁၄)ကျောင်း၊ အ.လ.က(ခွဲ) (၁)ကျောင်း၊ အ.မ.က (၁၅၉)ကျောင်း၊ အ.မ.က(ခွဲ) (၂)ကျောင်း၊ မူလွန် (၈)ကျောင်း၊ ဘက (၃)ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၂၁၀)တို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူ (၂၄၇၅၇)ဦး၊ စုစုပေါင်း ရာခိုင်နှုန်း (၉၉.၉၃%) တက်ရောက်သင်ကြား လျက်ရှိကြောင်းနှင့် ဖွင့်လှစ်သင်ကြားလျက်ရှိသော ကျောင်းများတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များမှ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)