ဟိုင်းကြီးကျွန်း ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယနေ့နံနက် ၉ နာရီအချိန်မှစ၍ အခြေခံပညာကျောင်းများကို တည်ငြိမ်အေးချမ်းစွာဖြင့် စတင်ဖွင့်လှစ်သင်ကြားလျှက်ရှိကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့ပေါ်တွင် အခြေခံပညာကျောင်းပေါင်း(၄)ကျောင်းရှိပြီး ကျောင်းသူ/ ကျောင်းသားဦးရေ စုစုပေါင်း (၂၂၀၂)ဦး တက်ရောက်ပညာသင်ကြားလျှက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျောင်းသူ/ကျောင်းသားများ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်စေရေးအတွက် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အထောက်အကူပြုအဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်လျှက်ရှိပြီး ကျောင်းသူ/ကျောင်းသားများမှလည်း ပျော်ရွှင်စွာ ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)