ထန်းတပင် ဇွန် ၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ယမန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၁၀၉)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂) ကျောင်း စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန်အတွက် ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာဆရာမများ ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးနေကြကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တစ်မြို့နယ်လုံးတွင် ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်ပြီးသော ကျောင်းသား/သူ စုစုပေါင်း (၁၄၈၈၃) ဦး ကျောင်းအပ်နှံပြီး ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)