ပိုင်ကျုံမြို့ ‌ဒေါ်လန်းကျေးရွာအုပ်စု၌ ဆိုင်ကလုန်းစင်တာ တည်ဆောက်မည့်နေရာအား ကွင်းဆင်းစစ်ဆေး

ပိုင်ကျုံ ဇွန်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာတွင် ရေဘေးသင့်ပြည်သူများ မိုးရာသီကာလအတွင်း ယာယီနေထိုင် နိုင်စေရန်အတွက် ဆိုင်ကလုန်းစင်တာ တည်ဆောက်မည့်နေရာအား ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။

ပိုင်ကျုံမြို့ဒေါ်လန်းကျေးရွာတွင်   မိုးရာသီကာလအတွင်း   ရက်ရှည်ရေကြီးနှစ်မြှပ်သည့်  ကျေးရွာဖြစ်သည့်အတွက် မိုးတွင်း ကာလအတွင်း     ကျေးရွာနေပြည်သူများနှင့် ရေဘေးသင့်ပြည်သူများအနေဖြင့်   ယာယီတည်းခိုနေနိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပေးမည့် ဆိုင်ကလုန်းစင်တာ တည်ဆောက်မည့်နေရာအား တည်ဆောက်ချိန်တွင် အခက်အခဲများ မရှိစေရန်အတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦး တည်ဆောက်ခြင်းပြီးစီးပါက ဒေါ်လန်းကျေးရွာရှိ ပြည်သူများ မိုးရာသီကာလအတွင်း ရက်ရှည်ရေကြီး နှစ်မြှပ်ချိန်တွင် အန္တရာယ်ကင်းစွာနှင့် လုံခြုံစွာ ယာယီတည်းခိုနိုင်မည်ဖြစ်ပါကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)