ငွေဆောင်မြို့တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးနှင့် ကျောင်းဝန်းလုံခြုံရေး လိုက်လံစစ်ဆေး 

ငွေဆောင် ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်တွင် ကျောင်းများ စတင်ဖွင့်လှစ်သော ယနေ့ နံနက် :၄၅ အချိန်မှစတင်၍ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် အသက် (၅)နှစ်မှ (၁၂) နှစ်အတွင်း ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံရေးနှင့် ကျောင်းသားကျောင်းသူများ၏ လုံခြုံရေး အခြေအနေများအား လှည့်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်မှ ဉီးဆောင်ကာ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးကြပြီး ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းဝန်းလုံခြုံရေးအတွက် လှည့်လည်စစ်ဆေးခြင်း လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

အောင်တင်(ငွေဆောင်ပြန်/ဆက်)