မြိတ် ဇွန် ၂
ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကိုသင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိသော အခြေခံပညာကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းဖြင့် ယနေ့တွင် ဆေးထိုးစုရပ်ကျောင်း(၁၀)ကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိသည်။
မြိတ်မြို့နယ်တွင် အခြေခံပညာကျောင်း(၁၄၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၉) ကျောင်း စုစုပေါင်း(၁၅၆)ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသော ကျောင်းသား/သူ (၂၀၀၀၀)ကျော်အား သတ်မှတ်ဆေးထိုးစုရပ်ကျောင်းများတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးကို ဆေးထိုးစုရပ်ကျောင်းများတွင် ဆေးထိုးအဖွဲ့များမှကာကွယ်ဆေးထိုးနှံပေးရာတွင် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြသည်။ ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌဦးဉာဏ်ဇော်၊ ခရိုင်ပညာရေးမှူးဦးဉာဏ်ထွန်းနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )