ဒေးဒရဲမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်ကြား အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေး

ဒေးဒရဲ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊ ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှု ရရှိစေရန်ရည်ရွယ်၍ အသက် (၅)နှစ်မှ (၁၂)နှစ်ထိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက်ပိုင်းကစတင်ပြီး မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာ ကျောင်းများဖြစ်သည့် အ.မ.က စျေးကြီးကျောင်းနှင့် အ.မ.က ဗိုလ်တဲကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများက ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့ပေါ်နှင့်ကျေးရွာအုပ်စု (၉၃)အုပ်စုရှိ အခြေခံပညာကျောင်း (၂၁၉)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်း၊ စုစုပေါင်း (၂၁၂)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၅၉၄၀)ဦးအား သက်ဆိုင်ရာ ကျောင်းများတွင် ထိုးနှံပေးသွားမည်ဖြစ်ရာ ယနေ့နံနက် (၁၀)နာရီကစတင်ပြီး အခြေခံပညာမူလတန်း ကျောင်းများဖြစ်သည့် အ.မ.က(ဗိုလ်တဲ)နှင့် အ.မ.က(ဈေးကြီး)ကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်ကြားရှိ ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်၍ ကျောင်းသားမိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ စတင်ပေးနှံပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း