ပြည်ကြီးမဏ္ဍိုင် ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၅)နှစ်မှ (၁၂) နှစ် အထိ ကျောင်းသား/သူများအား ယနေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း ကျောင်း၌ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်း၌ အသက်(၅)နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/သူများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအတွက် မိဘအုပ်ထိန်း သူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းမြိုင်မှ ပြောကြားသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးနှံပေးပြီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဆေးထိုးပြီးသူများအား မိနစ် (၃၀) ခန့် စောင့်ကြည့်ခြင်း ဖြင့်ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကေခိုင်ဝင်း (ပြန်/ဆက်)