သရက်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ (၁၀၀၁၄၁)ဦး အေးချမ်းစွာ ပညာသင်ယူ

သရက် ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်းရှိ  မြို့နယ်များဖြစ်သော သရက်၊ အောင်လံ၊ မင်းတုန်း၊ ကံမ၊ မင်းလှနှင့် ဆင်ပေါင်ဝဲမြို့နယ်များမှ ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ကျောင်းသင်ခန်းစာများအား ယနေ့ မနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ (၁၀၀၁၄၁)ဦး အေးချမ်းစွာ တက်ရောက်သင်ယူလျက် ရှိသည်။   
အဆိုပါ မြို့နယ်များရှိ အခြေခံပညာကျောင်းများတွင် သရက်မြို့နယ်၌ ကျောင်းအပ်နှံသူစုစုပေါင်း (၁၄၀၉၄)ဦး၊ အောင်လံမြို့နယ် (၃၂၆၉၅)ဦး၊ မင်းတုန်းမြို့နယ် (၇၆၁၄)ဦး၊ ကံမမြို့နယ် (၉၃၁၈)ဦး၊ မင်းလှမြို့နယ် (၁၉၂၈၀)ဦးနှင့် ဆင်ပေါင်ဝဲမြို့နယ် (၁၇၁၄၀)ဦး ကျောင်းအပ်နှံခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက်  နှာခေါင်းစည်း Mask နှင့် Face Shield များဝေငှပေး၍ တပ်ဆင်စေခြင်းနှင့် လက်ဆေးခြင်းများကို စနစ်တကျပြုလုပ်စေပြီး ကျောင်းသင်ခန်းစာများအား စတင်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း (အောင်လံ)