ကြို့ပင်ကောက် ဇွန် ၂
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ အထက(ပန်းတင်)ကျောင်းနှင့် အထက(ကြို့ပင်ကောက်) ကျောင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသွားရောက်၍ ကျောင်းသား ကျောင်းသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
တစ်နှစ်တစ်တန်းအောင်မြင်ပြီး နိုင်ငံတော်မှ အားကိုးရသော သားကောင်းသမီးမွန်များဖြစ်အောင် ကြိုးစားသွားကြရန်နှင့် ကျောင်းအပ်နှံခြင်းမပြုရသေးသော သူငယ်ချင်များအား ပျှော်ရွှင်စွာ ကျောင်းအတူတူတက်ရန် ပြောကြားပေးကြစေလိုကြောင်း သားတို့သမီးတို့သင်ယူထားကြသော ပညာဖြင့် မိမိတို့၏ဘဝတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းဌေးမှ ကျောင်းသားကျောင်းသူများအား အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် အဖွဲ့ဝင်များက ကျောင်းဆင်းချိန်တွင် ကျောင်းသားကျောင်းသူများအား စောင့်ကြည့်အားပေးခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)