အုတ်တွင်းမြို့နယ်၌၂၀၂၂–၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

အုတ်တွင်း   ဇွန်   

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ပညာရေးဝန်ကြီးဌာန ၊၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အခြေခံပညာကျောင်း၌ ကျောင်းနေအရွယ်ကလေးများအား ပညာသင်ယူခွင့်ရရှိစေရေးအတွက် အုတ်တွင်းမြို့နယ် အခြေခံပညာကျောင်းအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းပေါင်း ၁၆၈ ကျောင်းရှိပြီး စာရင်းရှိကျောင်းသား၊ သူပေါင်း ၂၇၅၂၁ ဦးကို အခြေခံပညာ ကျောင်းအသီးသီးတွင် စိတ်အေးချမ်းသာစွာ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ ကျောင်းတွင်း၊ အပြင်လုံခြုံရေးအား မိဘ၊ ဆရာ၊ သက်ဆိုင်ရာ ဌာနများကလည်း ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ခင်မာ