ပန်းတနော်မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ပန်းတနော် ဇွန် ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်လျက်ရှိရာ ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိ ကြောင်း သိရသည်။

ကျောင်သား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိရာ ကျောင်းများသို့ မိဘအုပ်ထိန်းသူများကလဲ လိုက်ပါပို့ဆောင်ပေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် လုံခြုံရေး၊ ကျန်းမာရေး စသည့် ကိစ္စရပ်များအား လိုက်လံကြည့်ရှုစစ်ဆေး၍ အားပေးစကား ပြောကြားခဲ့သည်။

ပန်းတနော်မြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၄ ကျောင်း၊ အ.မ.က(ခွဲ) ၅ ကျောင်း၊ အ.မ.က ၂၀၆ ကျောင်း၊ မူလွန် ၂၃ ကျောင်း၊ အ.လ.က(ခွဲ) (၂၀) ကျောင်း၊ အ.လ.က ၆ ကျောင်း၊ အ.ထ.က(ခွဲ) ၁၆ ကျောင်း၊ အ.ထ.က ၁၆ ကျောင်းတို့ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)