မြန်အောင် ဇွန် ၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့ နံနက်မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၂)ကျောင်း၊ အ.ထ.က(ခွဲ) ၁၈ ကျောင်း၊ အ.လ.က (၁၁) ကျောင်း၊ အ.လ.က(ခွဲ) ၁၃ ကျောင်း ၊ အ.မ.က(မူလွန်) ၆ ကျောင်း၊ အ.မ.က(၂၀၅)ကျောင်း၊ အ.မ.က (ခွဲ) ၃ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း (၄)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း(၂၇၂)ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး အခြေခံပညာကျောင်း (၂၇၂)ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ ၃၀၀၀၀ ကျော် တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းဗိုလ် မြန်အောင်