ကံမ ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့နံနက်မှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက် ရှိသည်။
ကံမမြို့နယ်အတွင်း အခြေခံပညာကျောင်း စုစုပေါင်း (၁၂၉)ကျောင်းရှိပြီး အခြေခံပညာမူလတန်းကျောင်း (၉၅)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ (၂)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၈)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၆)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၈)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၃)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်းတို့၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၃၁၈)ဦး တက်ရောက်၍ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း (ကံမ)