ဇီးကုန်းမြို့နယ်၊ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား

ဇီးကုန်း ဇွန်

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်း(၁၀၄)ကျောင်းတို့၌ ယနေ့နံနက်တွင် ကျောင်းများစတင်ဖွင့်လှစ်၍ ကျောင်းသူ/ ကျောင်းသားများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်း(၉)ကျောင်း၊ အ.လ.က(ခွဲ) ကျောင်း(၆)ကျောင်း၊ မူလတန်းလွန်ကျောင်း(၇)ကျောင်း၊ မူလတန်းကျောင်း(၇၄)ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း(၂)ကျောင်း စုစုပေါင်း(၁၀၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၅)ကျောင်းတို့၌ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးခဲ့ပြီး၊ ယနေ့ကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင့်ဆွေ (ပြန်ဆက်)