ကော့ကရိတ် ဇွန် ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှစတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ ကြောင်းသိရသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အထက်တန်း(၉ )ကျောင်း၊ အထကခွဲ(၂၃)ကျောင်း၊ အလယ်တန်းကျောင်း(၁၀)၊ကျောင်း၊ အလကခွဲကျောင်း(၁၉)ကျောင်း၊ မူလတန်း(၁၄၇)ကျောင်း၊ မူလတန်းလွန်(၂၆)ကျောင်း၊ အမကခွဲ(၂)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၄)ကျောင်း စုစုပေါင်း(၂၄၀)ကျောင်းဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထက်တန်းဆင့် (၁၆၁၆)ဦး၊ အလယ်တန်းဆင့် (၆၁၈၂)ဦး၊ မူလတန်းဆင့် (၂၄၆၂၇)ဦး၊ စုစုပေါင်း (၃၂၄၂၅)ဦးတို့အား ယနေ့ဇွန်လ(၂) ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန်အတွက် နိုင်ငံတော်ကကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များအပြင် နှာခေါင်းစည်း၊ မျက်နှာအကာများကိုပံ့ပိုးပေးကြောင်းနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှလည်း ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။ ထို့ပြင် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြာင်း သိရသည်။
(ခရိုင်၊ ပြန်/ဆက်)