ပလောက်မြို့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ပလောက်   ဇွန်  ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပလောက်မြို့၊ မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်က စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်းများဖွင့်လှစ်ရာတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိဘများက ကျောင်းသား/ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးကို သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ပလောက်မြို့၊မြိုပေါ်ရပ်ကွက်၌ အထက(၁)ကျောင်း၊ အလက-ခွဲ(၁)ကျောင်း၊မူလွန်(၁)ကျောင်း၊ အမက(၂) ကျောင်း၊  စုစုပေါင်း (၅) ကျောင်းရှိပြီး၊ ၂၀၂၂-၂၀၂၃  ပညာသင်နှစ်တွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိ ရက်သတ္တပတ်ကျောင်းအပ်နှံရေး လှုပ်ရှားမှုအစီအစဉ်တွင် ကျောင်းသား/ကျောင်းသူ ကျား(၇၁၀)ဦး၊မ (၈၉၂) ဦး၊ စုစုပေါင်း (၁၆၀၂)ဦး လာရောက် အပ်နှံခဲ့ကြောင်း ပညာရေးဌာနမှ သိရသည်။

နှင်းမြူလွင် (ပလောက်)