ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၂-၂၃ ခုနှစ် ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သင်ကြား

ရွှေဘို ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၃ ခုနှစ် ပညာသင်နှစ်အတွက် ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား/ သူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း စုစုပေါင်း ၉၂ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၁ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၄ ကျောင်း စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ခရိုင်ပညာ​ရေးမှူး ဦးစိုးနိုင်က ​ကျောင်းသား၊ ကျောင်းသူ​လေးများ​ အေးချမ်းစွာ ပညာသင်ကြား​နေမှုကို လှည့်လည်ကြည့်ရှု အား​ပေးစကား​ပြောကြားကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ၊ ဆရာမများ ကျောင်းသားမိဘများက ကူညီဆောင်ရွက် ပေးနေကြကြောင်း သိရသည်။

ရွှေဘိုတစ်မြို့နယ်လုံးတွင် ယနေ့အထိ ကျောင်းအပ်ပြီးသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ​၆၀၀၀ ကျော် ကျောင်းအပ်နှံပြီးဖြစ်ကြောင်း၊ ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများကို လက်ခံဆောင်ရွက်ပေး​​နေ​​ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)