ကမမောင်းမြို့၌  အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ကမမောင်း ဇွန် ၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ယနေ့နံနက်ပိုင်းမှစ၍ အခြေခံပညာကျောင်းများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ ကြောင်းသိရသည်။ 

ဖာပွန်ခရိုင်အနေဖြင့်  အခြေခံပညာအထက်တန်းကျောင်း (၄)ကျောင်း၊ အလယ်တန်းကျောင်း(၂၄) ကျောင်း၊ မူလတန်းကျောင်း(၅၃) ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၁)ကျောင်း၊ စုစုပေါင်းကျောင်း(၈၂)ကျောင်းရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖွင့်လှစ်နိုင်သည့် အခြေခံပညာအထက်တန်းကျောင်း (၃)ကျောင်း၊ အလယ်တန်းကျောင်း(၁၄)ကျောင်း၊ မူလတန်းကျောင်း(၂၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁) ကျောင်း၊ စုစုပေါင်းကျောင်း(၃၈) ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး​ယခုနှစ်တွင် အခြေခံပညာထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၃၄)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၁၁၂၈)ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၅၉၅)ဦး စုစုပေါင်းကျောင်သား၊ကျောင်းသူ(၆၀၅၇)ဦးက အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ အဆိုပါ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ကမမောင်းမြို့မှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက လိုအပ်သည့်ပညာ‌ရေးနှင့် ပတ်သက်သည့်ကိစ္စအဝဝကို ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တင်တင်လှ