နတ်တလင်း ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း(၂၃၇)ကျောင်းအား ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ပြီးကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၇)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၄)ကျောင်း၊ အလယ်တန်းကျောင်း(၁၁)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၄)ကျောင်း၊
မူလတန်း(လွန်)ကျောင်း(၃၄)ကျောင်း၊ မူလတန်းကျောင်း(၁၆၄)ကျောင်း၊ မူလတန်းကျောင်း(ခွဲ)(၁၃)ကျောင်းအား မေ ၂၆ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးခဲ့ပြီး ယနေ့ကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူ (၁၈,၅၉၁)ဦး အေးချမ်းစွာတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)