ကျိုက်ဒုံမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

ကျိုက်ဒုံ ဇွန် ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် ဘုန်းတော်ကြီးကျောင်းများအား ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ နိုင်ငံတစ်ဝှမ်း၌ တစ်ပြိုင်တည်းစတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် စာသင်ကျောင်းများစတင်ဖွင့်လှစ်ရာ၌ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိပြီး ကျောင်းမအပ်နှံရသေးသူများအနေဖြင့် ကျောင်းလာရောက်အပ်နှံပါက ကျောင်းအပ်နှံခြင်းကိုလက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်စေရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်၍ ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများက အသက် (၅)နှစ်မှ အသက် (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

သန်းထွန်းနိုင် (မြို့နယ်၊ ပြန်/ဆက်)