ကျောက်ကြီး ဇွန် ၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထကကျောင်း သပြေဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက်(၅)နှစ်မှ (၁၂)နှစ် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် စုရပ်ထားရှိပြီး အသက်(၅)နှစ်မှ (၁၂)နှစ် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနရုံးက သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးစကားပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးမှူးရုံးဝန်ထမ်းများ ကျောင်းဆရာ ဆရာမများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ကျောင်းသား/ ကျောင်းသူများအား သတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင်ပေးခြင်း လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)