ဆင်ပေါင်ဝဲမြို့၌ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေး

ဆင်ပေါင်ဝဲ ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၂-ခုနှစ် ဇွန်လ(၂)ရက်နေ့မှစတင်၍ စာသင်ကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် အဆိုပါစာသင်ကျောင်းများသို့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ထွေ/အုပ်စာရေးများပူးပေါင်း၍ အသက်(၅)နှစ်မှ (၁၂)နှစ်အထိကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အထက(ဆင်ပေါင်ဝဲ)ကျောင်းတွင် အသက် (၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးများ စတင်ထိုးနှံပေးနေသည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လှနှင့်တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)