ပေါက်ခေါင်းမြို့နယ်၌ ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

ပေါက်ခေါင်း    ဇွန်    ၂   

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလွန်နှင့်မူလတန်းကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် စာသင်ကျောင်း အခြေပြုကျောင်းသား၊ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်မှ စတင်၍ သက်ဆိုင်ရာ စာသင်ကျောင်းဆေးထိုးစုရပ်များအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့် မိဘအုပ်ထိန်းသူ၏သဘောတူညီချက် ရရှိမှသာ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး၊ ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆေးထိုးစုရပ်တွင် ကျောင်းသား/သူ(၂၅၀)ဦးကို မိဘများ၏ဆန္ဒအရ  ဆေးတစ်လုံးလျှင် (၅)ဦး ထိုးနှံရသည့် Sinopharm ဆေးအမျိုးအစားကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ထိုသို့ဆေးထိုးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်