ထန်းတပင်(ပဲခူး) ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်(၁၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌ ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အခြေခံပညာအထက်တန်း ကျောင်းတွင်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းအတွက် မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးစကားပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ ဆရာမများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ကျောင်းသား/ ကျောင်းသူများအား လိုအပ်သည့်ကူညီမှုများဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ပေးကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)