ရွှေတောင် ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အသက်( ၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၇၉)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၁)ရှိ ကျောင်းသား / ကျောင်းသူ ( ၁၀၄၆၉)ဦးအား (၂-၆- ၂၀၂၂)ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ကျောင်းစုရပ်များအလိုက် ကျန်းမာရေးဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း