မင်းတုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မင်းတုန်း ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ကျောင်းတက်ရောက်ကြကြောင်း သိရှိရသည်။

မင်းတုန်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၅၀) ရှိသည့်အနက် (၁၄၇)ကျောင်း ဖွင့်လှစ်နိုင်ပြီး ယခင်နှစ်က ကျောင်းသား၊ ကျောင်းသူ (၆၈၇၆)ဦးရှိကာ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ မင်းတုန်းမြို့နယ်အတွင်း ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ(၇၆၁၄)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်နှင်းဆင့်ထံမှ သိရှိရသည်။

မြို့နယ်ပြန်/ဆက်