ပိုင်ကျုံ ဇွန် ၂
၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာနအနေဖြင့် နိုင်ငံအတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများဖြစ်သည့် အထက်တန်း(၄)ကျောင်း၊ အထက(ခွဲ)ကျောင်း(၉)ကျောင်း၊ အလယ်တန်း(၁၀)ကျောင်း၊ အလက(ခွဲ) ကျောင်း(၅) ကျောင်း၊ မူ(လွန်)ကျောင်း (၂၀)ကျောင်း၊ မူလတန်း (၆၅)ကျောင်းနှင့် အမက(ခွဲ) ကျောင်း (၃)ကျောင်း စုစုပေါင်း (၁၁၆)ကျောင်းရှိပြီး (၁၀၃) ကျောင်းဖြင့် ဖွင့်လှစ် သင်ကြားလျက်ရှိ သည်။
၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ(၂)ရက်နေ့တွင် စတင်ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို ပိုင်ကျုံမြို့နယ်အတွင်း ၌ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသားကျာင်းသူများအား အေးချမ်းစွာပညာ သင်ကြားလျက်ရှိကြောင်းနှင့် ကျောင်းအပ်နှံလက်ခံခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြာင်း သိရသည်။
နော်ခူး(ပြန်/ဆက်)