ကျွန်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကျွန်းလှ ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အ‌ခြေခံပညာကျောင်းများကို ဇွန် (၂) ရက်နေ့နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကျောင်းများဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ကြောင်း၊ ဆရာ ဆရာမများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းကော်မတီတို့က လုံခြုံရေးဆောင်ရွက်ပေးကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂ ပညာသင်နှစ်အခြေခံပညာကျောင်း (၁၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်း ဖွင့်လှစ်ပြီး ဇွန် (၁) ရက်နေ့အထိ ကျောင်းအပ်နှံသူ အထက်တန်း (၂၂၉) ဦး၊ အလယ်တန်း (၈၂၈)ဦး၊ မူလတန်း (၁၇၉၁)ဦး၊ စုစုပေါင်း (၂၈၄၈) ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က ပြောကြားသည်။

မျိုးဝင်းညို ကျွန်းလှ