ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာ၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကျင်းပ

ရွှေကျင် ဇွန်  ၂

သမဝါယမနှင့်ကျေးလက်‌ဖွံ့ဖြိုး‌‌ရေးဝန်ကြီးဌာန၊ ရွှေကျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေ အမျိုးသမီးများ အသက်မွေးဝမ်းကျောင်းအထောက် အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အနောက်ဘက်ကျေးရွာ ရန်ကုန်ကျောင်း မဟာစည်မ္မရိပ်သာကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ရွှေကျင်မြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးမင်းမင်းသိမ်းက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပို့ချမည့် အခြေခံအပ်ချုပ်စက်နည်းပညာများကို လက်တွေ့နယ်ပယ်တွင် အသုံးချပြီး မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်းနှင့် ရှေ့ဆက်ဖွင့်လှစ်သွားမည့် သင်တန်း များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွေးက အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအတွင်းရှိ သောင်လယ်ကျေးရွာ၊ မောင်းရုံကျေးရွာနှင့် အနောက်ဘက်ကျေးရွာတို့မှ သင်တန်းသူ ၂၅ ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတွင် အခြေခံအပ်ချုပ်စက်နည်းနှင့် ပတ်သက်သည့် သင်ခန်းစာအမျိုးမျိုးကို ကျွမ်းကျင်ဆရာမ‌ဒေါ်နှင်းနှင်းစိုးက စာတွေ့၊ လက်တွေ့ နှစ်မျိုးဖြင့် (၁)လကြာ အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်‌ကြောင်း သိရသည်။ 

ထွန်းထွန်းဇော်