မြို့သစ် ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိစေရန် ကျောင်းအပ်နှံကြစို့ဟူသော ဆောင်ပုဒ်နှင့်အညီ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့နံနက်မှစတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း (၁၉၃) ကျောင်းတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း၊ ကိုယ်ပိုင်အထက်တန်း ကျောင်း(၁)ကျောင်းတို့ကို မြို့နယ်ပညာရေးမှူးရုံးမှကြီးကြပ်၍ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိခဲ့ရာ ကျောင်းအပ်နှံရေးသီတင်းပတ် (၂၆.၅.၂၀၂၂)ရက်နေ့က စတင်လက်ခံခဲ့ရာ မူလတန်းအဆင့်လျာထား(၁၄၂၂၉)ဦးရှိပြီး အပ်နှံပြီးသူ(၁၃၉၃၉)၊ အလယ်အတန်းအဆင့်လျာထား(၇၄၇၂)ဦးရှိပြီး အပ်နှံပြီးသူ(၄၈၃၇)ဦး၊ အထက်တန်းအဆင့်လျာထား(၁၆၃၄)ဦးရှိပြီး အပ်နှံပြီးသူ(၈၄၆)ဦးရှိပြီး စုစုပေါင်း(၁၉၆၂၂)ဦး ပညာသင်ကြားလျက်ရှိပြီး ရာခိုင်နှုန်းအားဖြင့် (၈၄ဒသမ၀၉)ရာနှုန်း အပ်နှံထားရှိပြီးဖြစ်ကြောင်း ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်းများကို ဆက်လက်လက်ခံ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)