စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တတိယအကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မုံရွာ ဇွန် ၂

နိုင်ငံသူနိုင်ငံသားများအားလုံး မျိုးချစ်စိတ်ဓါတ်နှင့် ဇာတိသွေးဇာတိမာန်ထက်မြတ်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်မပျက်အောင် ထိန်းသိမ်းကာကွယ်ရေး၊ မြန်မာ့ဂီတ ၊မြန်မာ့အကနှင့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာများ ဆက်လက်ထွန်းကားပြန့်ပွားရေးတို့အတွက် ရည်ရွယ်၍ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၃၁ ရက်နေ့၊ နံနက် ၉ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ကလေးခရိုင်များမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် အနုပညာရှင်၊ သဘင်ပညာရှင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများအလိုက် ဖွဲ့စည်းတာဝန်ပေးထားပြီး ဖြစ်ပါကြောင်း၊ ကော်မတီများအလိုက် တာဝန်ရှိသူများအားလုံးက မိမိတို့ဖြတ်သန်းလာတဲ့ အတွေ့အကြုံကောင်းများ နမူနာယူဆောင်ရွက်ကြစေလိုကြောင်း၊ တာဝန်ရှိသူများနှင့် အနုပညာရှင်၊ သဘင်ပညာရှင်များကလည်း မိမိတို့ခရိုင်၊ မြို့နယ်များရှိ ရွက်ပုန်းသီးအနုပညာ ဝါသနာပါသူများကို ဖော်ထုတ်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ပေါင်းစပ်ပြီး လာမည့်(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ တိုင်းဒေသကြီးအနေဖြင့် ရလာဒ်ကောင်းများရရှိစေရေး ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများအားလုံးအနေနဲ့ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် အထောက်အကူဖြစ်စေရန်အတွက် ပွဲပြိုင်ကဏ္ဍစုံအားလုံးတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းတို့က ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ကော်မတီများမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ကလေးခရိုင်တို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဆင့်မြင့်ပညာဦးစီးဌာနများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် အနုပညာရှင်၊ သဘင်ပညာရှင်များက Video Conferencing စနစ်ဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အထွေထွေဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။     

ခရိုင်၊ ပြန်/ဆက်။