ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး

သာယာဝတီ     ဇွန်    

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေးဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း က သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစောထွန်းဦး၊ အဖွဲ့ဝင်()ဒုမှူးကြီး တင်ကိုကို၊ အဖွဲ့ဝင်() ဦးမြင့်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟို၊ အဖွဲ့ဝင်() ကြည်မျိုးလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဉာဏ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုးလွင်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သုံးဆယ်မြို့ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ..ကကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအားကြည်ရှု့၍ ဖြည့်စွက် အာဟာရအစာမုန့်များ လိုက်လံဝေငှခြင်း နှင့်အားကစားပစ္စည်းများ ပေးအပ်ပြီး ကျောင်းတက်ရောက်နေမှုအား လိုက်လံကြည့်ရှုပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်တင်မိုးထွဋ်နှင့် ဆရာ/မများမှကြိဆို၍ အဆိုပါကျောင်းရှိ စိုက်သိပ္ပံဆရာစံခန်းမ၌ ၂၀၂၂ ပညာသင်နှစ်၏ (၃၂)ကြိမ်မြောက် မောင်မယ်သစ်လွင် ကြိုဆိုပွဲအား ပြုလုပ်ကျင်းပခဲ့ရာ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရ/မများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၅၀ ဦးခန့်တက်ရောက်ခဲ့ပြီး ကျောင်းသား/သူများမှ စိုက်သိပ္ပံ ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ထို့နောက် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အဖွင့်သြဝါဒအမှာစကား ပြောကြားခဲ့ကြောင်း၊ ၎င်းနောက်ဝန်ကြီးချုပ် က အားကစားပစ္စည်းနှင့် ကျောင်းသား/သူများအတွက် စားသောက်စရိတ် အလှူငွေ သိန်း(၅၀)ကျပ်အား ထောက်ပံ့ပေးခဲ့ရာ ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်တင်မိုးထွဋ် မှ လက်ခံရယူ၍ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကြောင်း၊ ဆက်လက်၍ ဆရာ/မများကိုယ်စား စာပေဌာနမှ ဌာနမှူး /ထကထိက ဦးခင်မောင်ရင်မှ လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများကိုယ်စားတတိယနှစ် ကျောင်းသားမောင်သက်ဇော်မျိုး မှလည်းကောင်း အသီးသီးနှုတ်ခွန်းဆက် ကြိုဆိုစကားများပြောကြားခဲ့ပြီး သာယာဝတီမြို့၊ အထက()ကျောင်းသို့ ရောက်ရှိခဲ့ရာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတက်ရောက်နေသော ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှု၍ ဖြည့်စွက်အာဟာရအစာမုန့်များ ဝေငှခြင်းနှင့် အားကစားပစ္စည်းများအား ပေးအပ်ပြီး ကျောင်းတက်ရောက်နေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)