နတ်မောက် ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အခြေခံပညာကျောင်းများတွင် ဇွန်လ ၂ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီမှ စတင်၍ ကျောင်းသား/သူများအေးချမ်းစွာ သင်ကြားလျက်ရှိကြောင်းသိရသည်။
နတ်မောက်မြို့နယ်အတွင်း၌ အ.ထ.က (၁၄) ကျောင်း၊ အ.ထ.က (ခွဲ) (၄၃) ကျောင်း၊ အ.လ.က (၅၅) ကျောင်း၊ အ.လ.က (ခွဲ) (၃၁) ကျောင်း၊ အ.မ.က (၃၅) ကျောင်း၊ အ.မ.က (ခွဲ) (၆) ကျောင်း၊ အ.မ.က(မူလွန်) (၂၈)ကျောင်း စုစုပေါင်း (၂၁၂) ကျောင်းမှ လာရောက်အပ်နှံကြသည့် ကျောင်းသား/သူ စုစုပေါင်း (၁၆၀၅၇) ဦးရှိ၍ ယနေ့ နံနက်(၉)နာရီမှ စတင်ပြီး သက်ဆိုင်ရာ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းသား/သူများအားလုံး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
လှဝင်း (ပြန်/ဆက်)