မြို့သစ် ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း( Book Club ) အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေး (Talk Show)တွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင်များမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းအသိပညာပေးအကြောင်းအရာများ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် ( ပြန်/ဆက် )