မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

အထက်မင်းလှ ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ဇွန်(၂)ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။

မင်းလှမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၀ ကျောင်း၊ အထကခွဲ ၁၆ ကျောင်း၊ အလက ၃၇ ကျောင်း၊ အလကခွဲ ၂၁ ကျောင်း၊ မူလွန်ကျောင်း ၃၂ ကျောင်း၊ အမက ၄၁ ကျောင်း၊ အမကခွဲ ၄ ကျောင်း၊ ဘုန်းတော်ကြီးပညာသင်မူလွန်ကျောင်း ၁ ကျောင်း၊ စုစုပေါင်း ၁၆၂ ကျောင်းရှိရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းတွင် ကျောင်းအပ်နှံရန် စာရင်းရှိကျောင်းသား/ ကျောင်းသူ(၁၈၇၆၇)ဦးရှိပြီး၊ ဇွန်(၁)ရက်နေ့အထိ ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူ (၁၉၂၈၀)ဦး၊ ရာခိုင်နှုန်း(၁၀၂)%ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ကျောင်းတက်ရောက်နေမှုနှင့် ပညာသင်ကြားနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)