ဆင်ပေါင်ဝဲမြို့နယ်၌ ကျောင်းများစတင်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ကြား

ဆင်ပေါင်ဝဲ ဇွန် ၂

၂၀၂၂-ခုနှစ် ဇွန်လ(၂)ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းများစတင်ဖွင့်လှစ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင်လည်း ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းများစတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်း၌ အခြေခံပညာကျောင်း(၁၄၆)ကျောင်းရှိပြီး အဆိုပါကျောင်းများသို့ ဇွန်လ(၁)ရက်နေ့အထိ မူလတန်းဆင့် (၁၂၃၆၈)ဦး၊ အလယ်တန်းဆင့်(၃၉၂၄)ဦး၊ အထက်တန်းဆင့်(၈၄၈)ဦး စုစုပေါင်း(၁၇၁၄၀)ဦး လာရောက်အပ်နှံကြပြီး လာရောက်အပ်နှံကြသည့် ကျောင်းသား/သူများအား ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ရာတွင် မည်သည့်အခကြေး ငွေမျှကောက်ခံခြင်းမပြုဘဲ ကျောင်းသား/သူများအား ဘာသာရပ်အလိုက် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများ အစရှိသည့် ကျောင်းအသုံးအဆောင်ပစ္စည်းများကို သက်ဆိုင်ရာ ဆရာ/မများက (အခမဲ့) ထုတ်ပေးခဲ့ကြကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)