နတ်မောက်မြို့၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အရှိန်ထိန်းတုံး  ( Slow Down) များ ပြုလုပ်ပေး

နတ်မောက် ဇွန် ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ကြီးကြပ်မှုဖြင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ပေးပို့သော အရှိန်ထိန်းတုံး(Slow Down) များကို ယမန်နေ့ နံနက်ပိုင်းက နတ်မောက်မြို့တွင်း မြို့ဝင်/မြို့ထွက်လမ်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျောင်းသားကျောင်းသူများယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် လူကူးမျဉ်းကျား၏ ဘယ်/ညာ၌ အရှိန်ထိန်းတုံး(Slow Down) များ တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

လှဝင်း (ပြန်/ဆက်)