သရက် ဇွန် ၂
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သော အထက(၁)၊ အထက(၂)၊ အထက(၃)နှင့် မြို့နယ်အတွင်းရှိ ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ကျောင်း သင်ခန်းစာများအား ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ၌ ကျောင်းစတင်တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Maskနှင့် Face Shield များ ဝေငှပေး၍ တပ်ဆင်စေခြင်းနှင့် လက်ဆေးခြင်းများကို စနစ်တကျပြုလုပ်၍ ဝင်ရောက်ရန် စီစဉ်ဆောင်ရွက်ထားသည်။ သရက်မြို့နယ်အတွင်း၌ ကျောင်းပေါင်း (၁၄၆) ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၀၉၄) ဦးတို့သည် ဇွန်လ ၂ ရက်နေ့မှ စတင်၍ အေးချမ်းစွာ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)